ဘုရားရုပ်တုမှစ၍၊
ရုပ်တုအမျိုးမျိုးတို့ကိုပြုလုပ်၍၊ ကိုးကွယ်ဆည်းကပ်ခြင်း၌၊ အကြိုးရမည်
မရမည်ကို၊ ဥာဏ်အားဖြင့် ရွေးချယ် စစ်ဆေးစရာရှိသည်မှာ။ ရုပ်တုတို့ကို
အဘယ်အရာအားဖြင့် ပြုလုပ်တတ်ပါသနည်းဆိုလျှင်။ မြေကြီးကိုသော်လည်းကောင်း၊
သစ်သားကိုသော်လည်းကောင်း။ ရွှေ၊ ငွေ၊ ကျေး၊ ကျောက်၊ သံ
အစရှိသည်တို့ကို၎င်း။ အ၀တ်စုန် အစရှိသည်တို့ကို၊ သစ်စေးသရိုးဖြင့်
ပြုလုပ်၍သော်လည်းကောင်း။ လူလပ်ဖြင့် လုပ်သော အရာမျှသာဖြစ်သည်။
၎င်းရုပ်တုအပေါင်းတို့ကို ပိုင်းခြား၍ကြည့်ရှုလျှင်၊ ၎င်းရုပ်တုအပေါင်းတို့၌၊
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓဏ္ဍ၊ ရသ၊ သြဇာဟုဆိုအပ်သော အ၀ိညာဏက
အသက်မရှိ၊ အဌကလပ် ယုတ်သက်သက်သာဖြစ်သည်။ ၎င်းရုပ်တုတို့ကို
ပြုလုပ်ကိုးကွယ်သော လူမှာကား၊ ရှင်အနုရုဒ္ဓါဆရာရေတွက်၍ ပြသည့်အတိုင်း၊
လူတစ်ယောက်လျှင် ယုတ်ပေါင်း ၂၇ ရှိသည်။ ထို့ကြောင့် အ၀ိညာဏက အသက်မရှိသော၊
လူလက်ဖြင့်လုပ်သော အရုပ်နှင့်၊ သ၀ိညာဏက အသက်ရှိသော လူပုဂ္ဂိုလ်ယုတ်နှင့်
နှိုင်းစာကြည့်လျှင်၊ အ၀ိညာဏက အသက်မရှိသော ရုပ်တုထက်၊ သ၀ိညာဏက လူပုဂ္ဂိုလ်က
ယုတ်ပေါင်း ၁၉ ခုသာသောကြောင့်၊ နည်းသောအရာနှင့် များသောအရာသည် အဘယ်အရာက
မြတ်သင့်သည်ကို ဆင်ခြင်စရာရှိသည်။ ဥပမာဆိုလျှင်၊ သူဌေးနှင့်
သူဌေးအစေအခိုင်းပြုလုပ်ခြင်းကို ခံရသောကျွန်နှင့်၊ သူဌေးခြားနားသည်ထက်မက၊
ရုပ်တုနှင့် လူသည် ခြားနားခြင်းရှိ၏။ အဘယ်ကြောင့်ဆိုသော်၊
ယုတ်သောကျွန်ကသာလျှင် သူဌေးကို အမှီပြုနိုင်သည်။ သူဌေးက ကျွန်ကို
အမှီမပြုနိုင်ကဲ့သို့ဖြစ်သတည်း။ ထို့ကြောင့် ဘုရားကို ကိုးကွယ်သောအမှုသည်၊
အကြီးကျယ်ဆုံးသော အမှုဖြစ်၏။ အကြီးကျယ်ဆုံးသော အတတ်ပညာလည်းဖြစ်ကုန်၏။
အဘယ်မျှလောက် ခက်ခဲနက်နဲသောအတတ်ပညာကြီးဖြစ်ပါသနည်းဆိုလျှင်၊
ကျမ်းဂန်ပြဆိုသည့်အတိုင်း။ ။ လောက၌ အတတ်ကြီး တဆယ့်ရှစ်ပါး၊
အတတ်ငယ်ခြောက်ဆယ့်လေးပါးတို့တွင်၊ အခက်ခဲဆုံးဖြစ်သော ဆေးအတတ်သည်ပင်၊
နှုံသောသူ၌ပင်လျှင် ဆရာကောင်းထံတွင် တဆယ့်နှစ်နှစ်သက်လျှင်၊
တတ်မြောက်နိုင်သည်၊ ဥာဏ်ကောင်းသောသူသည် သုံးနှစ်သင်လျှင်
တတ်မြောက်နိုင်ကြောင်းကို ကျမ်းဂန်တို့၌ ပြဆိုသည်။ ဘုရားကို
ကိုးကွယ်ခြင်းအတတ်မူကား၊ ထိုအတတ်ပညာထက် အဆတရာ၊ အဆတထောင်မက
ခက်ခဲနက်နဲသည်ဖြစ်၍၊ ဘုရားသခင်သိစေလိုသောသူ၊ တတ်စေလိုသောသူမှ
တတ်နိုင်သည်ဖြစ်သောကြောင့်၊ ဘုရားကို ကိုးကွယ်ခြင်းအတတ်ပညာအမှုသည်
အကြီးကျယ်ဆုံးသော အရာဖြစ်သောကြောင့်၊ကြပ်ကြပ် စဉ်းစား၍ ဥာဏ်အားဖြင့်
သာလျှင်ရှာမှီးကိုးကွယ်ရသောအရာဖြစ်သတည်း။ ထိုကဲ့သို့ ဥာဏ်အားဖြင့်
ဆွေးနွေးမေးမြန်းသင်ကြားရှာမှီး၍၊ ဘုရားအမှန်၊ တရားအမှန်တို့ကို သိရ၊
ကိုးကွယ်ရအောင် မပြုလုပ်သောသူ၊ ပညာဥာဏ်နုံသောသူတို့ကို၊ ပိဋကတ်သမောဟ
အဌကထာကျမ်းက ပြဆိုသည်မှာ။ ။ မန္ဒပညောအ၀တ္ထုသ္မိံပသီဒတိ။ ။ဟူ၍ ပါဠိလာရှိသည်။
အနက်မြန်မာ ဘာသာဆိုရလျှင်။ ။မန္ဒပညော၊ ပညာဥာဏ်နည်းသောသူတို့သည်။
အ၀တ္ထုသ္မိံ၊ ဘုရားမဟုတ်သောအရာတို့ကို။ ပသီဒတိ၊ ယုံကြည်မြတ်နိုးကိုးကွယ်တတ်၏။
။ဤပါဠိအလိုအားဖြင့် ပညာဥာဏ်မရှိသောသူတို့သည် ဘုရားမဟုတ်သောအရာတို့ကို
ဘုရားအမှတ်၊ ထင်မှတ်မှားကာ ကိုးကွယ်တတ်သည်ဟူ၍ဆိုလိုသတည်း။ ။ ဤကား
ရုပ်တုကိုးကွယ်ခြင်းအမှုကို စစ်ဆေးရှင်းလင်း၍ ပြလိုက်ခြင်းပင်ဖြစ်သည်။
No comments:
Post a Comment