စာရေးသူတို့ မသိမီလိုက်သော တစ်ချိန်ကတွင်
မြန်မာနိုင်ငံ၌ လူသေလူဖြစ် အဓမ္မ၀ါဒတစ်ခုကို မြန်မာ့သာသနာ့ အာဇာနည်များက နှိမ်နင်းခဲ့ကြဖူးသည်။
ထိုနှိမ်နင်းမှုတွင် ထို အဓမ္မ၀ါဒီခေါင်းဆောင်သည် ခေါင်းဆောင်ပီသစွာ သူတစ်ဦးတည်း ခေါင်းခံခဲ့ပါသည်။
သို့သော် သူ၏ ခေါင်းဆောင်ပီသမှုသည် မြန်မာ့သာသနာကို ဖျက်ဆီးရန် အကြံဆိုးများ အပြည့်အ၀ ပါဝင်ခဲ့လေသည်။
သူ၏ တပည့်ကျော် လေးယောက်ကို မြန်မာသာမက ကမ္ဘာသို့ ဖြန့်ချထားနိုင် ခဲ့လေသည်။
မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော တပည့်မှာ ဦးဥက္ကံသဗုဒ္ဓိနှင့် မြင့်သိန်းဦး(ဆူးလေ) တို့ ဖြစ်ကြသည်။
ထိုနှစ်ယောက်က မြန်မာနိုင်ငံသာသနာကို ဖျက်ဆီးရန် အကြံဆိုးဖြင့် လျှို့ဝှက်နေထိုင်ပြီး တပည့်ကျော်များ မွေးမြူထားခဲ့သည်။
သူတို့ မွေးထုတ်လိုက်၍ အောင်မြင်သွားသော တပည့်များထဲတွင် ၈၈
နောက်ပိုင်း ကျောင်းသားများကို ကယ်လိုက်ပြီး အဓမ္မ၀ါဒကို
ရိုက်သွင်းနိုင်ခဲ့သော ၁၉၉၀တွင် တရားစဟောခဲ့ပြီး ၂၀၀၆ နောက်ပိုင်း
နာမည်ရလာသော တရားပေါင်း ၃၉၉ ပုဒ်ကို ဗွီစီဒီ ချပ်ပေါင်း ၅၃၂ ချပ်ဖြင့်
ထုတ်နိုင်ခဲ့သော ဓမ္မစေတီကောသလ္လမှာ အထင်ရှားဆုံးဖြစ်သည်။
နောက်တစ်ယောက် အောင်မြင်သွားသူမှာ ဉာဏ ဆိုပြီး အမည်နှင့် အသွင်ပြောင်းကာ
ပစ္စုပ္ပန်ကမ္မ၀ါဒကို တည်ထောင်လိုက်နိုင်သူ ဖြစ်သည်။
ထိုသူက စာမတတ်သော်လည်း စာတတ်သော ဥိးကုမာရဆိုသည့် ရဟန်းနှင့်
ဦးဝိစိတ္တဆိုသည့် ရဟန်းကို မြူဆွယ်နိုင်သည့်အပြင် ဥပဒေပညာရှင်များ
စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံနှိပ်တိုက်များကိုပါ
မြူဆွယ်နိုင်ခဲ့သဖြင့် အချိန်တို အတွင် အရှိန်အဟုန် ပြင်းပြင်းဖြင့်
အောင်မြင်သွားခဲ့သည်။
ထိုစဉ်က နိုင်ငံသံဃာခေါင်းဆောင် ဦးဣန္ဒာစာရနှင့် ဦးတေဇောဘာသတို့က
စာတင်ခဲ့ရာ ရှင်ဉာဏမှာ အ၀တ်ပြာဝတ်လျှက် တရုတ်ဘုန်းကြီးလိုလို
ဂျပန်ဘုန်းကြီးလိုလို လုပ်ကာ မြစ်ကြီးနားသို့ တိမ်းရှောင်ခဲ့ပြီး နောက်မှ
ရန်ကုန်မိုးပြာခြံသို့ ပြန်လာခဲ့သည်။
နိုင်ငံရေးအခြေအနေ လူထုစီးပွားရေးအခြေအနေတို့ကို ထောက်ဆရင်း
၎င်းဝါဒတွေနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ၌ အဓမ္မ၀ါဒီဂိုဏ်းများ ပေါ်ပေါက်လာခဲ့ပေ၏။
တောင်တွင်းကြိး ရှင်ဥက္ကဌ ဦးဆောင်ခဲ့သည့် လူသေလူဖြစ် အဓမ္မ၀ါဒ၊
ကျောက်သဘောင်္ဆရာတော် ဥိးဆောင်ခဲ့သည့် အဓမ္မ၀ါဒ၊
မြောက်ဥက္ကလာပ ကျောက်ပုံတောရ ဦးစံရင် ဥိးဆောင်ခဲ့သည့် အဓမ္မ၀ါဒ၊
ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ကျမ်းပြုဆရာ ဦးအေးမောင် (စာပေဗိမာန်) ဥိးဆောင်ခဲ့သည့် အဓမ္မ၀ါဒ၊
စာရေးဆရာပါရဂူ၏ ဘာသာမဲ့ ရုပ်ဝါဒ အဓမ္မ၀ါဒ၊
လက်ပန်းတန်း ဦးမြတ်သိန်းထွန်း၏ အဓမ္မ၀ါဒ၊
စာရေးဆရာချစ်ငယ် (ဒဿန-ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ၊
တန့်ကြည်တောင် ဥိးသောမဗုဒ္ဓိ ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ၊
မင်းသားကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မ၀ါဒ တို့သည် ပြန်လည်၍ ကြိးထွားလာကြပါသည်။
ပစ္စုပ္ပန်ကမ္မ၀ါဒ မိုးပြာဝါဒ ကို
ရတနာ (http://www.yatanar.co.cc) စသော ဘလော့ဂါများစွာနှင့်
နာမည်ကြီးပုဂ္ဂိုလ်များ အပါအ၀င် ၎င်းတို့ အဓမ္မအဖွဲ့သည် ၎င်းတို့၏ အဓမ္မ၀ါဒကို
ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေကြပါသည်။
ထိုအရေးကို သိသော သံဃာ့ခေါင်းဆောင် အချို့မှ (၁၂.၇.၂၀၀၀) ရက်နေ့တွင်
စစ်အစိုးရကို အသိပေးခဲ့သော်လည်း သံဃာ့အရေးမို့ စစ်အစိုးရက လက်ရှောင်ခဲ့သည်။
ထိုသို့ လက်ရှောင်နိုင်အောင်လည်း ၎င်းတို့က စစ်အစိုးရများစွာကို ၎င်းတို့၏
အဓမ္မ၀ါဒကို နားဝင်အောင် သိပ်သွင်းနိုင်ခဲ့သည်။ စစ်အစိုးရက သံဃာ့အရေးမို့
ဟုအကြောင်းပြပြီး ရှောင်ခဲ့သည့်နောက် ထိုအဓမ္မ၀ါဒသမားများသည်
ပိုမိုအတင့်ရဲလာခဲ့ကြသည်။ ယခုဆိုလျှင် စာအုပ်ပေါင်း ၆၄ အုပ်ကို
မြန်မာ့သာသနာ့ စာပေအတွင်း ပျံ့နှံ့လျှက်ရှိနေသည်ကို မည်သူမှ
မရှင်းနိုင်တော့။ ထိုအရေးကို သိသော သံဃာ့ခေါင်းဆောင်များက (၃.၆.၂၀၀၇)
ရက်နေ့တွင် တစ်ကြိမ်၊ (၂၂.၁၁.၂၀၀၈) ရက်နေ့တွင် တစ်ကြိမ်၊ (၁.၃.၂၀၀၉)
ရက်နေ့တွင် တစ်ကြိမ် ၎င်းအဓမ္မစုတို့ အတွက် ထုတ်ပြန်ကြေငြာချက်များ
ထုတ်ဝေခဲ့သော်လည်း စစ်အစိုးရဘက်မှ အာဏာစက်ကို မြန်မာ့သံဃာ့ခေါင်းဆောင်များ
မတောင်းသည်ကို သိနေသဖြင့် ခုဆိုလျှင် ပိုမိုအတင့်ရဲလာပြီးနောက်
နေပြည်တော်သို့ ၎င်းတို့၏ ၀ါဒကို ဓမ္မ၀ါဒဖြစ်ကြောင်း ကြေငြာပေးပါရန်
စာတင်လာခဲ့ကြပြီဖြစ်သည်။
No comments:
Post a Comment