ကမ္ဘာမိုးမြေကိုပြုပြင်စီရင်သောအရှင်မရှိဟူ၍ ယူသောသူတို့ကို ပြခြင်းအကြောင်း
ဤကမ္ဘာမိုးမြေနှင့်
ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော၊ စီရင်ပြုပြင်သောအရှင်မရှိဟု ယူဆသော
အယူဝါဒသည်၊ ယခုရှင်၊ လူ၊ ရဟန်းတို့သာလျှင် ယူဆကြသည်မဟုတ်။ ရှေးရှေး
အထက်ကပင်၎င်း အယူကို ယူသောသူတို့အများရှိကြလေသည်။ ထိုကဲ့သို့သော အယူကို
ပိဋကတ်ကပြဆိုသည်မှာ အဟေတုကဒိဌိဟူ၍ အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တရဧကနိပါတ်၊
မိစ္ဆာဒိဌိသုတ်အဖွင့်တွင် ပြဆိုသည်။ ပြဆိုသော ပါဠိကို ဖေါ်ပြဦးမည်။ ။
နတ္ထိအယံလောကော၊ နတ္ထိဟေတုကပစ္စယော၊ သတ္တနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုက
ဒိဌိယာနာမ။ ။မြန်မာလိုပြန်ရလျှင်။ ။အယံလောကော၊ ဤလောက၌၊ နတ္ထိ၊
ပြုပြင်စီရင်သောသူမရှိ။ သတ္တာနံ၊ သတ္တ၀ါတို့ကိုလည်း၊ သံကိလေသာယ၊
ပူပန်ဆင်းရဲစေခြင်းငှါ၎င်း။ ၀ိသုဒ္ဓိယာ၊ သန့်ရှင်းဖြူစင်စေခြင်းငှါ၎င်း၊
နတ္ထိဟေတုနတ္ထပစ္စယော၊ အကျိုးအကြောင်းတို့ကို ပြုပြင်စီရင်သောအရှင်မရှိဟု
ယူခြင်းသည်။ အဟေတုကဒိဌိယာနာမ၊ အဟေတုကဒိဌိမည်ကုန်၏။ ။ အဓိပ္ပါယ်ကား
ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်သော
အရှင်မရှိဟု ယူခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသော သတ္တ၀ါပုဂ္ဂိုလ်တို့ကို
ညစ်ညူးစေခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း။ ပြုပြင်စီရင်သော အရှင်မရှိဟု
ယူခြင်း။ ထိုကဲ့သို့သော ယူခြင်းကို အဟေတုကမိစ္ဆာဒိဌိဟူ၍ ခေါ်ဆိုသည်။ ဤကား
ပိဋကတ်ကျမ်းလာ စကားတော်ပင်ဖြစ်သတည်း။
စောက်ရူး
ReplyDelete